5G ဆိုတာ ဘာလဲ

5G ဆိုတာက တယ်လီဖုန်းဆက်သွယ်ရေးကွန်ရက်ရဲ့ ၅ဆက်မြောက် မျိုးဆက်ဖြစ်ပြီး တော့ ၂၀၁၉ ခုနှစ်မှာ စတင်ဖြန့်ချီခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိမှာတော့ 4Gကိုပဲ အသုံးများပါသေးတယ်။ GSM Association က ခန့်မှန်းထားတာကတော့ 2025 လောက်ဆိုရင် လူ1.7ဘီလီယံလောက်က 5G ကို အသုံးပြုနိုင်ကြမယ်။

5G ရဲ့ အားသာချက် ကတော့ bandwidth တအားကြီးလာမယ်၊ဒေါင်းလုပ်မြန်းနှုန်း ဟာဆိုရင် မကြာတော့တဲ့ အနာဂါတ် 10Gbps ကြီးများတောင် ရတော့မယ်ဆိုတော့ တစ်နာရီကြာတဲ့ 2GB လောက်ရှိတဲ့ 1kဗီဒီယိုတစ်ခုကို 2စက္ကန့်နဲ့တင်ဒေါင်းနိုင်ပါတယ်။

5G တောင် သုံးမျိုးရှိပါသေးတယ်။
1.low-band
2.mid-band
3.high-band ဆိုပြီးတော့ပေါ့။

low-band ဆိုရင်ကွာ 4G နဲ့ ဆင်တူတယ်။ လိုင်းမိတဲ့ အကွာအဝေးက တူပေမယ့် 600-900Mhz သုံးထားတော့ 4Gထက်တော့မြန်တယ်ကွာ။ ဒါပေမဲ့ နိုင်ငံတော်တော်များများတော့ low-band ကို မသုံးကြပါဘူး။

mid-band ကျတော့ 2.3 ကနေ 4.7 Ghz micro-wave သုံးထားတော့ တာဝါတိုင်ကနေ ကီလိုမီတာများစွာအထိ Signal ဆိုင်ရာ လွှမ်းခြုံနိုင်တာပေါ့။

high-band ကျပြန်တော့ 24-47 GHzလောက် သုံးထားပေးမယ့် မီလီမီတာလှိုင်း (mmWave or mmW)တွေ တအားလိုတယ်၊ ကုန်ကျစရိတ်လည်းတအားမြင့်တော့ လူနေထူထပ်တဲ့နေရာ၊ အားကစားရုံတွေ စတဲ့နေရာမှာပဲ သုံးဖို့ စီစဉ်ထားကြပါတယ်။

Source https://en.m.wikipedia.org/wiki/5G